လုပ်ငန်းအတွက် Webmail သုံးပါ
Gmail ဆိုရင် (@gmail.com) နဲ့လာတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်ရံ (@ကုမ္ပဏီနာမည်.com) ဆိုတဲ့ မေးလ်နဲ့ ပို့လာတာမျိုး တွေ့ဖူးမှာပေါ့။ အဲလိုမေးလ်မျိုးကို Webmail လို့ခေါ်ပါတယ်။ သူတို့ဘာလို့ Webmail ကိုသုံးကြပါလိမ့်? လုပ်ငန်းတွေမှာ ဘယ်လိုအထောက်အကူ ဖြစ်စေလဲ? ဘာကြောင့်သုံးသင့်တာလဲ ? ဆိုတာ အောက်က အချက်တွေမှာ ဖော်ပြပေးထားပါတယ်။
ဝဘ်မေးလ် အသုံးပြုခြင်း၏ အားသာချက်များ
- @gmail.com အစား @ကိုယ့်ကုမ္ပဏီနာမည်.com နဲ့ဖွင့်လို့ရတာကြောင့် ကိုယ့်ကုမ္ပဏီနာမည်နဲ့ တစ်ခါတည်းတွဲသိနိုင်ခြင်း
- မြန်ဆန်၊ လုံခြုံသော ထိုင်း အီးမေးလ် ဟို့စ်တင် ကို အသုံးပြုခြင်း
- ရင်းနှီးပြီးသား Gmail ဒီဇိုင်းအတိုင်းလည်းသုံးလို့ရတာကြောင့် ဝင်ရောက်အသုံးပြုဖို့လွယ်ကူခြင်း
- ကုမ္ပဏီ Web Page တစ်ခုတင်ထား နိုင်တာကြောင့် မိမိထုတ်ကုန်နဲ့ ဝန်ဆောင်မှုအကြောင်းကို Customer မှ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း
- လုပ်ငန်းအတွက် Impression ကောင်းခြင်း
- ဖုန်းနဲ့လည်း အသုံးပြုလို့ရတာကြောင့် အချိန်မရွေး မြန်မြန်နဲ့အလွယ်တကူ Email ပို့နိုင်ခြင်း
- လုပ်ငန်း နဲ့ အဖွဲ့အစည်းတွေ အသုံးများတဲ့ Workplace နဲ့လည်း အသုံးပြုလို့ရခြင်း
- ကုမ္ပဏီ၏ တာဝန်ရှိသူအဖြစ် ပြသနိုင်ခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။