Google ကြော်ငြာ
မိမိလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စကားစု တွေနဲ့ ရှာလိုက်ရင် ကိုယ့်ရဲ့ website ကို Google ရဲ့ ပထမစာမျက်နှာ ကြော်ငြာကဏ္ဍ မှာ ပြပေးထားမှာဖြစ်ပြီး ကြော်ငြာပေါ်မှာ ကလစ်နှိပ်မှသာ ပိုက်ဆံပေးရမည့် ပုံစံမျိုးဖြစ်ပါတယ်။ ကလစ်နှိပ်မှသာ ပိုက်ဆံပေးရတာဖြစ်တဲ့အတွက် စနစ်တကျနဲ့ ကြော်ငြာထားမယ်ဆိုရင် အလေအလွင့်မရှိပဲ မိမိလုပ်ငန်း အမှန်တကယ် စိတ်ဝင်စားတဲ့သူတွေသာ ကိုယ့် လုပ်ငန်း website ကို ဝင်ရောက်လေ့လာပြီး အဲ့ကနေတစ်ဆင့် enquiry တွေရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Google ကိုအသုံးပြုပြီး လူသန်းပေါင်းများစွာ ရှာနေတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Brand ကိုလဲ ပိုပြီးမှတ်မိသွားစေပါတယ်။
အကယ်၍ လူကြီးမင်းရဲ့လုပ်ငန်းက ထိုင်းမှာဆိုရင်တောင် ကျနော်တို့ဟာ ဘန်ကောက်က နာမည်ကြီး ဂူဂဲလ်ကြော်ငြာ အေဂျင်စီ နဲ့ ပူးပေါင်းထားတာကြောင့် လူကြီးမင်းကို ကျနော်တို့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် ထိုင်းမှာ Google ကြော်ငြာလုပ်ဖို့ဆိုရင် ကျနော်တို့ကိုဖြစ်ဖြစ်၊ ကျနော်တို့ ပါတနာကိုဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးလိုက်ရပါတယ်။
ဘာကြောင့် Google ကြော်ငြာကို အသုံးပြုသင့်လဲ?
Customer များများ ရရှိနိုင်ခြင်း
မိမိလုပ်ငန်းကို သိပြီးသား customer တွေအပြင် အသစ်အသစ်သော customer များရရှိနိုင်ခြင်း၊ website ကို ဝင်ရောက်ကြည့်ရှှုသူ အရေအတွက် တိုးလာပြီး၊ အဲ့ကနေ တစ်ဆင့် ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းမှု များများရလာနိုင်ခြင်း၊ Google မှာ ရှာလိုက်တိုင်း ကိုယ့်လုပ်ငန်းကို အမြဲတမ်းတွေ့နေရတဲ့အတွက် customer များများ တိုးလာနိုင်ပါတယ်။
ပြည်တွင်း ရော ပြည်ပရော Target ထားနိုင်ခြင်း
မိမိလုပ်ငန်းကို မြန်မာနိုင်ငံမှာသာမက အခြား နိုင်ငံများကို နိုင်ငံတစ်ခု ခြင်းစီရွေးပြီး Target ထားလို့ရသလို တစ်ကမ္ဘာလုံးကို Target ထားနိုင်တာဖြစ်တဲ့အတွက် ပြည်ပက Customer များပိုမိုရလာနိုင်ပြီး လုပ်ငန်းဈေးကွက် ပိုမိုကြီးထွားလာနိုင်ပါတယ်။
တကယ်စိတ်ဝင်စားတဲ့သူတွေဆီကို ကြော်ငြာပေးခြင်း
Google ကြော်ငြာဟာ မိမိလုပ်ငန်းကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု တွေနဲ့ သက်ဆိုင်တဲ့ စကားစုတွေအသုံးပြုပြီး Google မှာ ရိုက်ရှာနေသူတွေကိုသာ အထိရောက်ဆုံးဖြစ်အောင် ကြော်ငြာပေးပါတယ်။
Google ရဲ့ ပထမစာမျက်နှာ ကြော်ငြာကဏ္ဍ မှာပေါ်အောင် စာဖြင့် ကြော်ငြာခြင်း
မိမိရှာချင်တဲ့ အကြောင်းရာသော်လည်းကောင်း လုပ်ငန်းတစ်ခုတစ်ခုကို သော်လည်းကောင်း Google မှာရှာလိုက်မယ်ဆိုရင် ပထမဆုံးစာမျက်နှာရဲ့ထိပ်ဆုံးမှာ ပေါ်လာဖို့အတွက် Google Ads နဲ့ ကြော်ငြာခြင်းပဲဖြစ်ပါတယ်။
Google Partner website တွေမှာ ပုံ/စာ များဖြင့် ကြော်ငြာခြင်း
အချို့ Website တွေရဲ့ ခေါင်းစီးပိုင်းမှာသော်လည်းကောင်း ဘေးဖက် Sidebar မှာသော်လည်းကောင်း Google Ads တွေ့ရတတ်ပါတယ်။ ပုံမှာပြထားသလိုပဲ ပုံတွေ၊ စာတွေနဲ့ ကြော်ငြာလို့ရမှာလို့ရမှာဖြစ်ပြီး Google Ads ရှိတဲ့ Website ကနေတစ်ဆင့် မိမိ Website ကို ဝင်ရောက်ကြည့်ရှုနိုင်စေမှာပါ။ ဒါ့အပြင် ဘယ် မိမိ Website ကို ဘယ် Website ကနေ တစ်ဆင့် ဝင်ရာက်ခဲ့သလဲ ဆိုတာကိုလဲ သိရှိနိုင်မှာပါ။
Youtube မှာ Video အတိုလေးတွေနဲ့ ကြော်ငြာခြင်း
Youtube မှာ video တွေကြည့်တာပဲဖြစ်ဖြစ် သီချင်းနားထောင်တာပဲဖြစ်ဖြစ် တစ်ချို့video file တွေမှာဆို မစခင်မှာ ကြော်ငြာလေးတွေ အရင်လာတတ်ပါတတ်ပါတယ်။ သာမန်ဆိုရင် ကြာချိန်အားဖြင့် စက္ကန့်ပိုင်း လောက်သာ ကြာမြင့်ပြီး မိနစ်နဲ့ချီပြီးကြာခဲ့မယ်ဆိုရင်တော့ Skip ad နဲ့ ကျော်သွားလို့လဲရပါတယ်။
App တွေမှာ ကြော်ငြာခြင်း
Internet Access ရှိနေတဲ့အချိန်ဆို တစ်ချို့ application တွေမှာ Google Ads တွေကိုတွေ့ရတတ်ပါတယ်။ များသောအားဖြင့် ပုံမှာပြထားတဲ့အတိုင်း Google Ads တွေကို အောက်နားလေးတွေမှာ ပြထားတတ်ကြပါတယ်။